1459

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(သတ္တမနေ့)ကျင်းပပြီးစီးခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို (၂၇-၁၂-၂၀၁၆) ရက်နေ့၊ နံနက် (၁၀း၀၀)အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူတို့မှ အကြံပြုဆွေးနွေးကြပြီး စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ထပ်မံရှင်းလင်းဆွေးနွေးခြင်း၊ ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များကို မှတ်တမ်းတင်ခြင်းနှင့် ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်နယ် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(သတ္တမနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စာလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း(၁)ရပ်၊ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း အတည်ပြုခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ (၂)ဦး၊ လေ့လာသူ(၃)ဦးတက်ရောက်ခဲ့ကာ စတုတ္ထပုံမှန် အစည်းအဝေး (သတ္တမနေ့)ကို (၁၁း၀၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတွင် မေးခွန်း (၃၂)ခု မေးမြန်းဖြေကြားခြင်း၊ အဆို (၃)ခု ဆွေးနွေးအတည်ပြုခြင်း၊ အစီရင်ခံစာ (၁)ခု မှတ်တမ်းတင်အတည်ပြုခြင်း၊ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက် အတည်ပြုခြင်း၊ ရေးရာကော်မတီ (၅)ရပ်မှ အဖွဲ့ဝင်များ အစားထိုးဖွဲ့စည်းမှုကို အတည်ပြုခြင်း၊ အရေးကြီးအဆို အတည်ပြုခြင်း၊ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

20161227_102848 20161227_095652