1414

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကျင်းပပြီးစီးခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို (၁၃.၁၂.၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၀)ဦးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း (၄)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ အစည်းအဝေး(တတိယနေ့)တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ၊ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံမှ မော်လမြိုင်ဘိလပ်မြေစက်ရုံ(MCL)နှင့် ပတ်သက်သော အစီရင်ခံစာအပိုင်း (၂)တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူတို့မှ အကြံပြုဆွေးနွေးခြင်းနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ မော်လမြိုင်ဘိလပ်မြေစက်ရုံ(MCL)နှင့် ပတ်သက် သော အစီရင်ခံစာအပိုင်း(၂)ကို ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင် အတည်ပြုကြောင်းကြေညာခြင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ရှိ တင်ဒါအောင်မြင်ပြီးသော ကုမ္ပဏီများနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များ ပါဝင်သော အချက်အလက်များကို မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် လွှတ်တော်သို့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသော မေးခွန်းနှင့်ပတ်သက်၍ အစည်းအဝေး (ပထမနေ့)မေးခွန်း၏ ဖြေကြားမှု အပေါ် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ လျှောက်ထားတင်ပြခြင်းကိစ္စကို မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၈ အရ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်မှ ဆွေးနွေးခြင်းအပေါ် ပြည်နယ်ဥပဒေချုပ်မှ ပြန်လည်ဆွေးနွေးခြင်းနှင့် ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင် အတည်ပြု ကြောင်းကြေညာခြင်း၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်မှ အရေးကြီး အဆိုတစ်ရပ်ကို မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၂၅၊ နည်းဥပဒေခွဲ(က) အရ လက်မှတ်ရေးထိုးတင်ပြခြင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နောက်တစ်နေ့အစည်းအဝေးတွင် ယင်းအဆိုအား တင်သွင်းရန်နှင့်လက်ခံဆွေးနွေးရန် သင့်၊ မသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပဉ္စမနေ့)တွင် မေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း (၁)ရပ်၊ အစီရင်ခံစာ မှတ်တမ်းတင်အတည်ပြုခြင်း (၁)ရပ်၊ အစည်းအဝေး(ပထမနေ့)မေးခွန်း၏ဖြေကြားမှုအပေါ် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ လျှောက်ထားတင်ပြခြင်းကိစ္စ မှတ်တမ်းတင် အတည်ပြုခြင်း(၁)ရပ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ (၂)ဦး၊ လေ့လာသူ (၁၃)ဦး တက်ရောက်ခဲ့ပါသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို (၁၁း၃၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ ပါသည်။

20161213_100225 20161213_100243