ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပခြင်း
(၁၄.၆.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး(ပဉ္စမနေ့)ကို အစီအစဉ် (၇)ခုဖြင့် ကျင်းပပါသည်-
အစီအစဉ်(၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ်(၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊
အစီအစဉ်(၃) အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း၊
(က) ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ ဘီးလင်းမြို့နယ် တောင်စွန်း
ပြည်သူ့ပန်းခြံပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးနှင့်စပ်လျဉ်း၍သိရှိလိုသောမေးခွန်း၊
(ခ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်၊ သထုံမြို့၊ သုဝဏ၀တီမြို့၊ ကျိုက်ကော်ရပ်ကွက်ရှိ ရန်ကုန်-မော်လမြိုင်လမ်းမပေါ်တွင် နှစ်စဉ်မိုးရွာသည့်အချိန်တိုင်း လမ်းမပေါ်တွင် ရေကျော်သည့်ကိစ္စနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(ဂ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ အစိုးရပိုင်၊ ပြည်သူပိုင်နေရာများ ငှားရမ်းထားမှုများနှင့်ပတ် သက်၍သိရှိလိုသောမေးခွန်း၊
(ဃ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာတွင်
ပေါ်ထွန်းနေသော သောင်နု မြေဧက (၃၀၀) နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(င) ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ မော်လမြိုင် ဈေးသစ်အနောက် ဘက်တွင် ကျိုက်မရောမော်တော်ယာဉ်ရပ်နားသည့်ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
အစီအစဉ်(၅) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ဒုတိယ(၆)လ (အောက်တိုဘာလမှ မတ်လအထိ)အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်း၊
အစီအစဉ်(၆) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ဒုတိယ(၆)လ (အောက်တိုဘာလမှ မတ်လအထိ)အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း ၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၇) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အစည်းအဝေး ရပ်နားကြောင်းနှင့် (ဆဋ္ဌမနေ့)ဆက်လက်ကျင်းပ မည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။



