2482

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကျင်းပခြင်း

(၂၀.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို အစီအစဉ် (၈)ခုဖြင့် ကျင်းပပါသည်-

အစီအစဉ်(၁)    မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊

အစီအစဉ်(၂)    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)အထမြောက် ကြောင်းနှင့်စတင်ကျင်း ပကြောင်း ကြေညာခြင်း၊

အစီအစဉ်(၃)    အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား ခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၄)    ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင် ရာဝန်ကြီးများမှပြန် လည်ဖြေကြားခြင်း –

(က)    မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ မုဒုံမြို့နယ်တွင် မွေးမြူရေးဇုန် ထူထောင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသော မေးခွန်း၊

(ခ)     ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းမင်းအောင် ၏ မွန်ပြည်နယ်အတွင်းရှိ မြေနု ကျွန်းများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊

(ဂ)     ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ ရေးမြို့လယ်သို့ဖြတ်သန်းသွားလာရာ လမ်းမကြီးဘေးတစ်လျှောက်မြို့လယ်ရပ်ကွက်များ အတွင်းရှိလမ်းသွယ်များတွင် ကုန်တင်ယာဉ်ကြီးများနှင့်ခရီးသည်တင် ယာဉ်ငယ်များမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့စွာရပ်နားနေခြင်းအပေါ် မည်သို့မည်ပုံ အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားမည်ကို သိရှိလိုသောမေးခွန်း၊

(ဃ)    ရေးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမင်းစိုးလင်း ၏ ရေးမြို့နယ်၊ ဘီဇိုင်းကျေးရွာတွင် လိုအပ်လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub- RHC) တစ်ဆောင်တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုသောမေးခွန်း၊

(င)     မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ စစ်မှန်သောပိုင်ဆိုင်မှုစာချုပ်စာတမ်း ရှိပါလျက်နဲ့တရားရုံးတွင်အမှုရှုံးနေရခြင်းနှင့် ပတ်သက် ၍ သိရှိလိုသောမေးခွန်း၊

(စ)     တပ်မတော်သားလွှတ်တော် ဗိုလ်မှူးစိုးသူရ၏ မော်လမြိုင်(ဈေးကြိုအဝိုင်း)မုဒုံ-သံဖြူဇရပ် လမ်းပိုင်းကိုဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း၊ လွှဲပြောင်းပေး ခြင်းကိစ္စတို့နှင့် ပတ်သက်၍ သိရှိလို သောမေးခွန်း၊

(ဆ)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၏ မွန်ပြည်နယ်အတွင်းအစိုးရ ပိုင် ၊ ပြည်သူပိုင်ဓါတ်ဆီဆိုင်များရောင်းချမှုကိစ္စနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်း၊

အစီအစဉ်(၅)    ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော် မတီ ပြင်ဆင် ဖွဲ့စည်းရေးကိစ္စ တင်ပြခြင်း၊

အစီအစဉ်(၆)    ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့ စည်းရေးကိစ္စ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ရှိပါက ဆွေးနွေးခြင်း၊

အစီအစဉ်(၇)    ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့ စည်းရေးကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၈)    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးဆောင်ရွက်ချက် အနှစ်ချုပ် တင်ပြခြင်းနှင့် အစည်းအဝေးအောင်မြင် စွာပြီးမြောက်ကြောင်းကြေညာခြင်း။