2472

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကျင်းပခြင်း

(၁၁.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို အစီအစဉ် (၇)ခုဖြင့် ကျင်းပါသည်-

အစီအစဉ်(၁)    မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊

အစီအစဉ်(၂)    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)အထမြောက် ကြောင်း နှင့်စတင် ကျင်းပကြောင်း ကြေညာခြင်း၊

အစီအစဉ်(၃) အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၄)    ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှပြန်လည်ဖြေ ကြားခြင်း –

(က)    မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ အေးကိုမိသားစုဆောက်လုပ်ရေးကုမ္မ ဏီလီမိတက်မှ တာဝန်ယူထားသော မော်လမြိုင်-သံဖြူဇရပ် အဝေးပြေးလမ်းမကြီး၏ စံချိန်စံညွှန်းနှင့်ပတ်သက်၍သိရှိ လိုသော မေးခွန်း၊

(ခ)     ချောင်းဆုံုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ချောင်းဆုံမြို့နယ်၊ ကွမ်လမိုင်း (သက္ကော)-ပိုင်ကဒါး-မုခနီးကျေးရွာချင်း ဆက်လမ်းအား ကတ္တရာခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုသောမေးခွန်း၊

(ဂ)     ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ ကျိုက်မရောမြို့ကို အဆင့်မြင့် ဓါတ်ခွဲအားရုံ(5)MVAအတွက် လိုအပ်သော ထရန်စဖောမာအသစ်ဖြင့် ခွဲရုံတစ်ရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်း၊

(ဃ)    ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး၏ ဘီးလင်းမြို့နယ်ရှိ ကွင်းညီနောင်ရေပိုလွှဲရေတံခါးကို တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေကို သိရှိလိုသောမေးခွန်း၊

(င)     ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ တိုင်းရင်းသားစာ သင်ကျောင်းများအား ကူညီထောက်ပံ့ပေးရေးနှင့် စပ်လျဉ်း၍ သိရှိလိုသောမေးခွန်း၊

(စ)     ပေါင်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်အောင်၏ ပေါင်မြို့နယ်ရှိ ကဒိုင်ချောင်း တူးဖော်ခြင်းနှင့် ပတ်သက်၍ သိရှိလို သောမေးခွန်း၊

အစီအစဉ်(၅)    မွန်ပြည်နယ်လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(မူကြမ်း)တင်ပြခြင်းနှင့်
စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသောလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

အစီအစဉ်(၆)    မွန်ပြည်နယ်လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(မူကြမ်း)တင်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၇)    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) အစည်းအဝေး ရပ်နားကြောင်းနှင့်(သတ္တမနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။