2460

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပခြင်း

(၇.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို အစီအစဉ် (၈)ခုဖြင့် ကျင်းပါသည်-

အစီအစဉ်(၁)    မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊

အစီအစဉ်(၂)    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)အထမြောက် ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊

အစီအစဉ်(၃)    အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား ခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၄)    ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းးခြင်းနှင့် သက်ဆိုင် ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း –

(က)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး ၏မော်လမြိုင်-ရန်ကုန်ဟိုင်းဝေးလမ်းမကြီး တိုးချဲ့ခြင်းကိစ္စနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်း၊

(ခ)     သထုံံမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ ၏ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာ၊ ဒေဝီသခင်မတူးမြောင်းပေါ် တည်ဆောက် ထားသည့်လယ်ယာကုန်ထုတ်တံတား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်း၊

(ဂ)     ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၏ မြွေဟောက်ကျေးရွာမှ ကော့ဒွန်းကျေးရွာသို့ ရွာချင်းဆက် လမ်း(၃) မိုင်အား ကတ္တရာခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်း၊

(ဃ)    မုဒုံုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိဂီၤမော်၏ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ၊ ဝဲကလိကျေးရွာ၊ ကမာအုပ်ကျေးရွာများ၏ မီးလင်းရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သိရှိလိုသောမေးခွန်း၊

အစီအစဉ်(၅)    မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိဂီၤမော်၏ “ရော်ဘာရုံများကို ခရီးသွားပြည်သူများကင်းလွတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ပြောင်းရွှေ့ပေးပါရန် အလေးအနက်တိုက်တွန်းကြောင်း အဆို ” တင်သွင်းခြင်း၊

 (ဒေါ်မြသိဂီၤမော်တင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန်သင့်၊မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးမှ ဆွေးနွေးခြင်း၊)

(အဆိုအားလက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ခြင်းနှင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊)

အစီအစဉ်(၆)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၏ “ပေါင်မြို့နယ်တွင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပန်းခြံတစ်ခုတည်ဆောက်ပေးပါရန်အဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍-

                   (က)    အမည်စာရင်းတင်သွင်းထားသောလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

                   (ခ)     မွန်ပြည်နယ်အစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်း၊

အစီအစဉ်(၇)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၏ “ပေါင်မြို့နယ်တွင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပန်းခြံတစ်ခုတည်ဆောက်ပေးပါရန်အဆို”  တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အစီအစဉ်(၈)    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) အစည်းအဝေး ရပ်နားကြောင်းနှင့်(ပဉ္စမနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။