826

ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပခြင်း (စတုတ္ထနေ့)

၁။       ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၂၄.၁၂.၂၀၁၅)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၀)ဦးအနက် (၃၀)ဦးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲေ၀ သုံးစွဲရေးဥပဒေကြမ်းအား တင်သွင်းခြင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ ဆွေးနွေး အကြံပြုချက်အား မှတ်တမ်းတင်ခြင်းနှင့်၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းအား အတည်ပြုခြင်း၊ မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်း ပြင်ဆင်ချက် တင်သွင်းခြင်းနှင့်ဥပဒေကြမ်းအား အတည်ပြုခြင်း၊ မွန်ပြည်နယ်စာရင်းဖွင့်ဌာန(၃)ခုဖြစ်သော မွန်ပြည်နယ် လွှတ်တော်၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ သာမန်သုံးငွေ ငွေစာရင်း ခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်းကိစ္စတင်ပြခြင်းကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ အကြံပြုဆွေးနွေးခြင်းကို အတည် ပြုခြင်း၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ မြေဧရိယာ(၄.၃၆၃)ဧကပေါ်တွင် အဆင့်မြင့်ဟိုတယ် ဆောက်လုပ်မည့်အစီအစဉ်တင်ပြခြင်းကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ အကြံပြုချက်နှင့်အတူ မှတ်တမ်း တင်ခြင်း၊ မော်လမြိုင်မြို့၊ စက်မှုဇုန်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတင်ပြခြင်းကို လွှတ်တော်ကိုယ်စားလှယ် (၁)ဦး၏ အကြံပြုချက်နှင့်အတူ မှတ်တမ်းတင်ခြင်း၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ဆိပ်ကမ်းတည်ဆောက်အကောင်အထည် ဖော်မှုအခြေအနေတင်ပြခြင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ အကြံပြုချက်နှင့်အတူ မှတ်တမ်း တင်ခြင်း၊ MOSB Limited မှ မွန်ပြည်နယ်၊ မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေနုကျွန်းပေါ်တွင် B.O.T စနစ်ဖြင့် Offshore Supply Base Service လုပ်ငန်း တည်ဆောက်အကောင်အထည်ဖော်မည့်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ ဆွေးနွေးအကြံပြုချက်နှင့်အတူ မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်စည်ပင် သာယာရေးအဖွဲ့နှင့်Myanmar Tap Water Co,Ltd တို့မှ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အတ္ထရံမြစ်ရေကို သန့်စင်၍ ဖြန့်ဝေခြင်းလုပ်ငန်းကို BOT စနစ်ဖြင့် ဆောင်ရွက်မှုအစီရင်ခံစာပေးပို့ခြင်းနှင့်ပတ်သက်၍ ရေးရာ ကော်မတီများ ပူးပေါင်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်ပါအချက်များဖြင့် ပြည်နယ်အစိုးရအဖွဲ့ထံ ပြန်ကြားထား ခြင်းကို အတည်ပြုခြင်း၊ မော်လမြိုင်မြို့၊ ရေပေးရေးဆက်လက်ဆောင်ရွက်မှုများ တင်ပြခြင်းအား မှတ်တမ်းတင်ခြင်း၊ မြေမဲ့ယာမဲ့များအား နေရာချထားပေးနိုင်ရန် စက်မှုဝန်ကြီးဌာနမှ စွန့်လွှတ်မြေများအား မြေလွှဲပြောင်းမှုဆိုင်ရာ တင်ပြဆောင်ရွက်မှုနှင့်မြေအသုံးချခွင့် တင်ပြခြင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ ဆွေးနွေးအကြံ ပြုချက်နှင့်အတူ မှတ်တမ်းတင်ခြင်း၊ မုဒုံမြို့နယ်၊ အဝေးပြေးဂိတ်ယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည် ဖော်ရေးအခြေအနေတင်ပြချက်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ အကြံပြုချက်နှင့်အတူမှတ်တမ်း တင်ခြင်း၊ မော်လမြိုင်မြို့၊ သစ်ပုံဆိပ်မြေနေရာ၌ အိမ်ရာစီမံကိန်းဆောင်ရွက်မှု တင်ပြခြင်းအပေါ် လူထုသို့ချပြခြင်း၊ ပိုမိုထင်သာမြင်သာရှိအောင် ဆောင်ရွက်ခြင်းတို့ဖြင့် ဆက်လက်အကောင်အထည်ဖော်ခြင်းကို မှတ်တမ်းတင်ခြင်း၊ သစ်ပုံဆိပ်မြေနေရာလုပ်ငန်း ဆောင်ရွက်မှုကိစ္စနှင့်ပတ်သက်၍ ကိုယ်စားလှယ်ဦးအောင်နိုင်ဦး၏ ဆွေးနွေးချက် များကို မှတ်တမ်းတင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ရေးမြို့နယ်၊ အဏ္ဏဝါအဝေးပြေးကားဝင်း၏ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ မုဒုံမြို့နယ်၊ အဇင်းဆည်ရေသောက်(၄)ဧကခြံကိစ္စ တင်ပြခြင်းကို နောင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခြင်း (သို့မဟုတ်) ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ပူးပေါင်း အစည်းအဝေး ဆွေးနွေးညှိနှိုင်းချက်များကို ပြည်နယ်အစိုးရအဖွဲ့သို့ အသိပေးခြင်း ဆောင်ရွက်ရန် ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ပါသည်။

၂။       ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် မှတ်တမ်း တင်ခြင်း (၁၀)ရပ်၊ အတည်ပြုခြင်း(၄)ရပ်၊ တင်ပြချက်(၅)ရပ်တို့ကို ဆောင်ရွက်ပါသည်။

၃။       ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၁၃း၀၀)နာရီ အချိန်တွင် ကျင်းပပြီးစီးပါသည်။

IMG_4844IMG_4847