ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပပြုုလုပ်ခြင်း
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၉.၁၂.၂၀၁၅) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူကိုယ်စားလှယ်(၃၀)ဦးအနက် (၂၈)ဦး တက်ရောက်ပါသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ပြောကြားသည့် မိန့်ခွန်းအား မှတ်တမ်းတင်ခြင်း၊ ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၁၃)ခု မေးမြန်းဖြေကြားခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ (၉)နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ထားခြင်းအား တင်ပြမှတ်တမ်းတင်ခြင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးခန့်အပ်ခြင်းပတ်သက်၍ တင်ပြမှတ်တမ်းတင်ခြင်း၊ မြို့၊ ရပ်ကွက်ကျေးရွာအုပ်စုများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ တင်ပြမှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက်ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၏ ဆွေးနွေးအကြံပြုချက်နှင့်အတူ အတည်ပြုခြင်း၊ မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်း တင်သွင်းခြင်း၊ အဆို(၁)ခုတင်သွင်းခြင်း၊ ပြည်နယ်အစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်၊ မွန်ပြည်နယ်လွှတ်တော် ဥပဒေရေးရာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ ဆောင်ရွက်ချက်၊ မွန်ပြည်နယ်လွှတ်တော်မှဆောင်ရွက်ခဲ့သော ဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ ဆောင်ရွက်မှုတင်ပြခြင်းတို့ကို ဆောင်ရွက်ပါသည်။ အစည်းအဝေး(ပထမနေ့)တွင် မှတ်တမ်းတင်ခြင်း(၅)ရပ်နှင့်အတည်ပြုခြင်း(၁)ရပ် ဆောင်ရွက်ပါသည်။
အစည်းအဝေးတွင် လေ့လာသူအဖြစ် ချောင်းဆုံမြို့နယ်၊ ဒေါင်းဥကျေးရွာမှ (၂၀)ဦး တက်ရောက်ပါသည်။ အစည်းအဝေးကို (၁၄း၁၅)နာရီအချိန် ရပ်နားပါသည်။



