ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို (၈.၄.၂ဝ၁၄) ရက်နေ့မှ (၁ဝ.၄.၂ဝ၁၄) ရက်နေ့ အထိ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး စိုးမြင့်ဦးက ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က မိန့်ခွန်းပြောကြားခြင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ပြောကြားသည့်မိန့်ခွန်းအား မှတ်တမ်းတင်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းလှိုင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းအဆို တင်သွင်းခြင်း၊ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် လစ်လပ်လျက်ရှိသော မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရာထူးနေရာတွင် ပူးတွဲတာဝန်ပေးခြင်းအား လွှတ်တော်သို့တင်ပြခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြေယာခွန်ဥပဒေပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စ အကြောင်း ကြားခြင်းနှင့် စပ်လျဉ်းပြီး လွှတ်တော်သို့တင်ပြခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၃၈)ခုမေးမြန်းဖြေကြားခြင်း၊ ၂ဝ၁၄ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း အတည်ပြုခြင်း၊၂ဝ၁၄ – ၂ဝ၁၅ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေကြမ်း အတည်ပြုခြင်း၊ မွန်ပြည်နယ်ဆားနှင့်ဆားထွက်ပစ္စည်းဥပဒေကြမ်း အတည်ပြုခြင်း၊ မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေကြမ်းအတည်ပြုခြင်း၊ အဆို(၃)ခုတင်သွင်းရာ အဆို(၁)ခု အတည်ပြုခြင်း၊ အဆို(၁)ခု မှတ်တမ်းတင်ခြင်းနှင့်အဆို(၁)ခုနောက်တစ်ကြိမ် ကျင်းပမည့်လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးမှ ဆောင်ရွက် ပြီးစီးမှုကို တင်ပြချက် မှတ်တမ်းမှတ်ရာဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာခြင်း၊ ပြည်နယ်လွှတ်တော်ရုံး ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၃.၃.၂ဝ၁၄ ရက်စွဲပါစာအမှတ်၊၁ဝဝ/၇-၁/ဝခရ(မွန်)ဖြင့် နိုင်ငံတော်သမ္မတထံ တင်ပြသော ၇.၃.၂ဝ၁၄ ရက်စွဲပါ စာအမှတ်၊ ၁ဝဝ/လွှတ်တော်(စီမံ)ဝ၂၆(ဝ၅၁)တို့ကို မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အားလုံးသို့ ပေးပို့ခဲ့သည့် ၃၁.၃.၂ဝ၁၄ ရက်စွဲပါ စာအမှတ်၊ ၂ဝ/၄၅၂(၂ဝ-အမသ)/အဖရ(၂ဝ၁၄)ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပုံရေးဆွဲခန့်ထားပေးသည့် အတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း အကြောင်းကြားစာနှင့်ပတ်သက်၍လွှတ်တော်ကိုယ်စားလှယ် (၂)ဦး၏ တင်ပြချက်များအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်ရန် မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော် ရေးရာကော်မတီ(၅)ရပ်ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေးတင်ပြခြင်း နှင့်မှတ်တမ်းတင်ခြင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရဘတ်ဂျက်တွင် ပါဝင်သော သာမန်အသုံးစရိတ်ခေါင်းစဉ်များ လွှဲပြောင်းသုံးစွဲခွင့်ပြုရန် တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ပထမအကြိမ်မွန်ပြည်နယ် လွှတ်တော်(ဒုတိယ မှ သတ္တမ)ပုံမှန်အစည်းအဝေးအထိ တင်သွင်းခဲ့သော အဆိုများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်မှုများကို လေ့လာသုံးသပ်တင်ပြခြင်းနှင့်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ပါသည်။
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးပထမနေ့တွင် Nation Enlightnment Institute မှ သင်တန်းသား၊ သင်တန်းသူ (၁၈)ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ (၆)ဦး၊ စုစုပေါင်း(၂၄)ဦး ၊ အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ (၁၁)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၄)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ(၈)ဦး၊ စုစုပေါင်း(၂၃)ဦး အစည်းအဝေးတတိယနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၂၂)ဦးတို့ လေ့လာသူအဖြစ် တက်ရောက်ပါသည်။


