294

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးကို (၅.၉.၂ဝ၁၄) ရက်နေ့ မှ (၉.၉.၂ဝ၁၄)ရက်နေ့ အထိ ကျင်းပပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကပေးပို့လာသော လွှတ်တော်ရုံးဖွဲ့စည်းပုံနှင့်စပ်လျဉ်းသည့် သဝဏ်လွှာအား ဖတ်ကြားတင်ပြမှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော နိုင်ငံတော်သမ္မတ၏ တိုင်းရင်းသားရေးရာဝန်ကြီးများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အဖွဲ့ဝင် ဝန်ကြီးများအဖြစ် သတ်မှတ်ခြင်းကိစ္စအား ဖတ်ကြားတင်ပြမှတ်တမ်းတင်ခြင်း၊ မေးခွန်း(၃၃)မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ် လမ်းများ၊ တံတားများဥပဒေကြမ်း၊ မွန်ပြည်နယ် တိုင်းရင်းဆေးဝါးဥပဒေကြမ်း၊ မွန်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျထိန်းကျောင်းရေးဥပဒေကြမ်းတို့ကို အတည်ပြုခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးဆွဲရေးဆိုင်ရာ လျာထားချက် အတည်ပြုခြင်း၊ ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေဖြင့် ဆောင်ရွက်သော စီမံကိန်းများအား အတည်ပြုခြင်း၊ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းတင်ခြင်း၊ ပြည်နယ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဒေသန္တရစီမံကိန်းမျာအခြေအနေ တင်ပြခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖလားအားကစားပြိုင်ပွဲ ဆောင်ရွက်ပြီးစီးမှု အခြေအနေတင်ပြခြင်း၊ ပြည်နယ်စာရင်းစစ်ချုပ်၏ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီရင်ခံစာ တင်ပြခြင်းတို့ကို မှတ်တမ်းတင်ခြင်း၊မွန်ပြည်နယ်လွှတ်တော်မှ ပြဌာန်းပြီးသော ဥပဒေများအား အကောင်အထည်ဖော်မှု အားကောင်းစေရန် တိုက်တွန်းကြောင်းအဆို (၁)ခုတင်သွင်းခြင်း၊ ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ် ဘဏ္ဍာရန်ပုံငွေနှင့် သက်ဆိုင်သော ဌာန၊ အဖွဲ့အစည်းများ၏ သာမန်အသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်ငွေလုံးငွေရင်း အသုံးစရိတ် လုပ်ငန်းတည်နေရာပြောင်းလဲခြင်း၊ အတိုင်းအတာပမာဏ ပြောင်းလဲဆောင်ရွက်ခြင်း သဘောတူကြောင်း ဆုံးဖြတ်ခြင်း၊ ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးတွင် ဆိုင်းငံ့ထားသော မွန်ပြည်နယ်အတွင်း လုပ်ငန်းများအရည်အသွေး စစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆိုနှင့် မွန်ပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းပြီးသော ဥပဒေများအား အကောင်အထည်ဖော်မှု အားကောင်းစေရန် တိုက်တွန်းကြောင်းအဆိုတို့အား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ပါသည်။

DSC_0596