5347

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး( စတုတ္ထနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို (၂၈.၅.၂၀၂၀)ရက်၊  ကြသပတေးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ မွန်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း တင်သွင်းခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မှ သုံးသပ်ချက်အစီရင်ခံစာတင်ပြခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ် များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင် ကြောင်းကြေညာခြင်း၊ အစည်းအဝေး(တတိယနေ့)ကတင်ပြခဲ့သော မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီမှ မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား လေ့လာသုံးသပ်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ အကြံပြုဆွေးနွေးခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ ရှင်းလင်းဆွေးနွေးခြင်း၊ အစီရင်ခံစာတင်ပြသွားသော မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅၊ ပုဒ်မခွဲ(စ)၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(စ) တို့အရ ကိုယ်စားလှယ်၏ဆွေးနွေးအကြံပြုချက်နှင့်အတူ ပြည်နယ်လွှတ်တော်တွင်မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်နိုင်ရန် ပေးပို့သွားမည် ဖြစ်ကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ် စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးမှ ဘီးလင်းမြစ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ဒေသခံပြည်သူတို့၏လူမှုစီးပွားထိခိုက်ပျက်စီးဆုံးရှုံးမှုအဆခြေအနေနှင့် အချိန်မီ ပြန်လည်ကုစားနိုင်မှုနည်းလမ်းများကိုလေ့လာခြင်း အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခုမေးမြန်း ဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ရပ်တင်ပြခြင်း၊ အစီရင်ခံစာတစ်ရပ်မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာ တစ်ရပ်တင်ပြခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို နေ့လည်(၁၂း၃၀)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို(၂၉.၅.၂၀၂၀)ရက် (သောကြာနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆောင်ရွက်ပါမည်။