5354

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး( ပဉ္စမနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို (၂၉.၅.၂၀၂၀)ရက်၊  သောကြာနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၉)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၉)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊   အစည်းအဝေး(စတုတ္ထနေ့)က တင်သွင်းခဲ့သော မွန်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားခြင်းမရှိသဖြင့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် ပြည်နယ် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊ အစည်းအဝေး(စတုတ္ထနေ့)က တင်ပြခဲ့သော မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီမှ ဘီးလင်းမြစ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ဒေသခံပြည်သူတို့၏လူမှုစီးပွားထိခိုက် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် အချိန်မီပြန်လည်ကုစားနိုင်မှု  နည်းလမ်းများကို လေ့လာခြင်း အစီရင်ခံစာနှင့်စပ်လျဉ်း၍ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူမှ အကြံပြုဆွေးနွေးခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း မှ သဘောထားရှင်းလင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာတင်သွင်းသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးမှ အစီရင်ခံစာအား ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုအဆင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီဝင်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့အစည်းများသို့ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပေးပို့ပေးပါရန် ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅၊ ပုဒ်မခွဲ(စ)၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(စ) တို့အရ ကိုယ်စားလှယ်များ၏ဆွေးနွေးအကြံပြုချက်များနှင့်အတူ လွှတ်တော်တွင်မှတ်တမ်းတင် ထားရှိ မည်ဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်နိုင်ရန် ပေးပို့သွားမည် ဖြစ်ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခုမေးမြန်း ဖြေကြား ခြင်း၊ ဥပဒေကြမ်းတစ်ရပ်အတည်ပြုခြင်း၊ အစီရင်ခံစာတစ်ရပ်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက် အနှစ်ချုပ်အား လွှတ်တော်သို့အသိပေးပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ (၇)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို နေ့လည်(၁၂း၁၅)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်းကြေညာပါသည်။