5642

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကို (၂၅.၈.၂၀၂၀)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၆)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၆)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊ အစည်းအဝေး(ပထမနေ့)တင်သွင်းခဲ့သော မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှမတ်လအထိ (၆)လပတ်အစီရင်ခံစာတင်ပြခြင်းနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့မှ အကြံပြုဆွေးနွေးခြင်း၊ အစီရင်ခံစာတင်ပြ
သောစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ ရှင်းလင်းဆွေးနွေးပြီး အစီရင်ခံစာအား
လွှတ်တော်ကိုယ်စားလှယ်များ၏အကြံပြုဆွေးနွေးချက်များနှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ တိုင်းကြားစာ
နှင့်အသနားခံ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ လုပ်ငန်း
ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စား
လှယ်များသည် ယနေ့ရုံးချိန်အတွင်း မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဝန်ထမ်းအကြီးအမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့်
စပ်လျဉ်း၍ဆွေးနွေးလိုသည့်ကိုယ်စာလှယ်များသည် ယနေ့ရုံးချိန်အတွင်း မွန်ပြည်နယ်
လွှတ်တော်ရုံး၊ ဝန်ထမ်းအကြီးအမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
တို့ကိုဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)
တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခုမေးမြန်း
ဖြေကြားခြင်း၊အစီရင်ခံစာတစ်ရပ်မှတ်တမ်းတင်ခြင်း၊အစီရင်ခံစာ(၂)ရပ်တင်သွင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင်ဖိတ်ကြား၍တက်ရောက်သူ(၇)ဦးတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို မွန်းလွဲ(၁၂း၃၀)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၂၆.၈.၂၀၂၀)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆောင်ရွက်ပါမည်။