5636

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၂၄.၈.၂၀၂၀)ရက်၊ တနင်္လာနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှမတ်လအထိ (၆)လပတ်အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်
များသည် ယနေ့ရုံးချိန်အတွင်း မွန်ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်း
တင်သွင်းနိုင်ကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်ဒေါ်သိန်းသိန်းဦးမှ ၂၀၁၈-၂၀၁၉
ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏အရအသုံးခန့်မှန်းခြေငွေစာရင်းစစ်ဆေးတွေ့ရှိနှင့် ဝန်ကြီးဌာန အချို့၏ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသော အစီရင်ခံစာတင်ပြခြင်း၊ အစီရင်
ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များသည် ယနေ့ရုံးချိန်အတွင်း မွန်ပြည်နယ်လွှတ်တော်ရုံး၊ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး
စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ
ကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များသည် ယနေ့ရုံးချိန်အတွင်း မွန်ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ
အဖွဲ့ဝင်ပြင်ဆင်ဖွဲ့စည်းရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)
တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခုမေးမြန်း
ဖြေကြားခြင်း၊ အစီရင်ခံစာ(၃)ရပ်တင်ပြခြင်း၊ ရေးရာကော်မတီတစ်ခုပြင်ဆင်ဖွဲ့စည်းခြင်းအား
အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍တက်ရောက်သူ (၈)ဦးတက်
ရောက်ခဲ့ပါသည်။

အစည်းအဝေးကို မွန်းလွဲ(၁၂း၃၅)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို (၂၅.၈.၂၀၂၀)ရက် (အင်္ဂါနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆောင်ရွက်ပါမည်။