4858

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ အောက်တိုဘာ၊ ၂ ရက် )

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) ကို  နံနက်(၁၀း၀၀) နာရီအချိန်တွင်စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ်  ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေး သို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက်( ၂၆)ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင်ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တင်သွင်းသော ‘‘ မွန်ပြည်နယ် သဘာဝဘေးကြုံတွေ့ခဲ့ရသည့်အပေါ် ပါဝင်ကူညီဆောင်ရွက် ခဲ့ကြသူများအား ဝမ်းသာ ဂုဏ်ပြုကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများတွင် ပိုမို အားကောင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းကြောင်းအဆို’’ နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊  မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဗိုလ်မှူးကျော်စွာဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊  ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)တို့မှဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ သဘောထားရှင်းလင်းတင်ပြခြင်း၊

(ခ)     ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တင်သွင်းသော ‘‘ မွန်ပြည်နယ် သဘာဝဘေးကြုံတွေ့ခဲ့ရသည့်အပေါ် ပါဝင်ကူညီဆောင်ရွက် ခဲ့ကြသူများအား ဝမ်းသာ ဂုဏ်ပြုကြောင်း အဆို’’ အား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်းနှင့်   “သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများတွင်ပိုမိုအားကောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းအဆို” အား ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊

(ဂ)     မွန်ပြည်နယ်လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင်တစ်ဦး အစားထိုးခြင်း၊ ကော်မတီသက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့်အတည်ပြုခြင်း၊

(ဃ)    မွန်ပြည်နယ်လွှတ်တော်၊တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ အစားထိုးတာဝန် ပေးအပ်ခြင်း၊ ကော်မတီဝင်နှစ်ဦး ထပ်မံတိုးချဲ့ဖွဲ့စည်းခြင်းကိစ္စတင်ပြခြင်းနှင့်အတည်ပြုခြင်း၊

၃။       အစည်းအဝေးကို  နံနက်( ၁၁း၃၅ ) နာရီအချိန်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပမည့်ရက်ကို (၇.၁၀.၂၀၁၉)ရက် (တနင်္လာနေ့) နံနက် (၁၀း၀၀)

နာရီအချိန်တွင် ဆောင်ရွက်ပါမည်။