ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ် များ လေ့လာသုံးသပ်ရေး ကော်မတီဝင်များအား မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတို့အား ရှင်းလင်းတင်ပြခြင်း အခမ်းအနား
၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၄)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတို့အား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို အောက်ဖော်ပြပါ အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်-
အစီအစဉ် (၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်း၊
အစီအစဉ် (၂) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ် (၃) မွန်ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းတင်ပြခြင်း၊
အစီအစဉ် (၄) မွန်ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းတင်ပြခြင်း၊
အစီအစဉ် (၅) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊
ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွါးရေးဆိုင်ရာကိစ္စရပ်များ
လေ့လာသုံးသပ်ရေး ကော်မတီဝင်များမှ အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ် (၆) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊
အစီအစဉ် (၇) အခမ်းအနားပြီးမြောက်ကြောင်း ကြေညာခြင်း၊



