မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၈-၈-၂၀၂၆)ရက်၊(အင်္ဂါနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေး ပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီ အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် မွန်ပြည်နယ် လွှတ်တော်ရေးရာကော်မတီများအထောက်အကူပြုအကြံပေးကော်မတီ ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် (၁၀)ဦးတို့တက် ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ တစ်ဦးချင်းမိတ်ဆက်ခြင်း ၊ အထောက် အကူပြု ကော်မတီအနေဖြင့် လွှတ်တော်ရေးရာကော်မတီများအား ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁၈-၈-၂၀၂၆)ရက်၊ နေ့လည်(၁၁း၄၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


