မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိူးများအရေးဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၈-၄-၂၀၂၆)ရက်၊(အင်္ဂါနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိူးများအရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌအပါအဝင် ကော်မတီဝင်(၁၅)ဦး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန (၂)ဦးနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန (၂)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ တိုင်းရင်းသားလူမျိူးများအရေးဆိုင်ရာ ကော်မတီ နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၈-၄-၂၀၂၆)ရက်၊ နံနက် (၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


