မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိူးများအရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၇-၈-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်ရုံး၊ ရေးရာကော်မတီအစည်းအဝေးခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိူးများအရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ အပါအဝင် ကော်မတီဝင် (၁၆)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဒေသခံတိုင်းရင်းသားများ အခက်အခဲကြုံတွေ့ လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြပါသည်။
အစည်းအဝေးကို (၂၇-၈-၂၀၂၆)ရက်၊ နံနက်(၁၁၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


