မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃-၉-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊ နံနက်(၁၀၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီအစည်းအဝေးခန်း၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနား ခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်း အဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာ သည့် သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်ရှိ မြေယာကိစ္စ၊ အထွေထွေကိစ္စရပ် များနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၃-၉-၂၀၂၆)ရက်၊ မွန်းလွဲ(၁၃၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


