8519

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၂-၁၀-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊  နံနက်(၁၀၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော် ရုံး၊ ရေးရာကော်မတီအစည်းအဝေးခန်း၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြ စာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာ သည့် ကျိုက်ထိုမြို့နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်ရှိ မြေယာကိစ္စနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၂-၁၀-၂၀၂၆)ရက်၊ မွန်းလွဲ(၁၃၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။