မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၄-၇-၂၀၂၆)ရက်၊(အင်္ဂါနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာ ကော်မတီအစည်းအဝေးခန်း၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေ ထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေး ကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌကော်မတီအဖွဲ့ဝင်များတက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာ သည့် မော်လမြိုင်မြို့နယ်၊ သံဖြုဇရပ်မြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ တင်ပြတိုင်ကြားသူများ ၏ အခက်အခဲများအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁၄-၇-၂၀၂၆)ရက်၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


