8308

မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၅-၈-၂၀၂၆)ရက်၊(အင်္ဂါနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် (၁၁)ဦးတို့ တက်ရောက်ခဲ့ပါ သည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(လျာထားချက်)အား အစိုးရအဖွဲ့မှ ပေးပို့လာပါက ကော်မတီမှ စိစစ်နိုင်ရန်အတွက် ကွင်းဆင်းစိစစ်နိုင်ရေးနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တင်ဒါဖြင့် ဆောင်ရွက်နေသည့် စာရင်းအား အစိုးရအဖွဲ့မှ တောင်းယူရန်ကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၅-၈-၂၀၂၆)ရက်၊ နေ့လည်(၁၁၄၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။