မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂-၆-၂၀၂၆)ရက်၊(အင်္ဂါနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာ ခန်းမ၌ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ် ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် (၇)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂-၆-၂၀၂၆)ရက်၊ နံနက်(၁၁း၅၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



