မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃-၇-၂၀၂၆)ရက်၊(သောကြာနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ရေးရာကော်မတီဝင် (၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းများ၏ဆက်စပ်မေးခွန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။
အစည်းအဝေးကို (၃-၇-၂၀၂၆)ရက်၊ နံနက် (၁၂း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


