7987

မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၈-၅-၂၀၂၆)ရက်၊(တနင်္လာနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ‌ဆွေးနွးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး နေ့လည် (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

အစီအစဉ်    (၁)     လုပ်ငန်းညှိနှိုင်းအစည်းအဝေး စတင်ကျင်းပခြင်း၊

အစီအစဉ်    (၂)      ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊

အစီအစဉ်    (၃)     တိုင်ကြားစာအမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊

အစီအစဉ်    (၄)     ရေးရာကော်မတီအသီးသီးမှ တင်ပြဆွေးနွေးခြင်း –

(က)    လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ အတွင်းရေးမှူးမှ
တင်ပြဆွေးနွေးခြင်း၊

(ခ)     ဥပဒေပြုရေးဆိုင်ရာကော်မတီအတွင်းရေးမှူးမှ တင်ပြဆွေးနွေးခြင်း၊

(ဂ)       တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ တင်ပြဆွေးနွေးခြင်း၊

(ဃ)   ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ
ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ တင်ပြဆွေးနွေးခြင်း၊

(င)     ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ
စိစစ်ရေးကော်မတီဥက္ကဋ္ဌမှ တင်ပြဆွေးနွေးခြင်း၊

အစီအစဉ်    (၅)     ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးရန်ရှိပါက ဆွေးနွေးခြင်း၊

အစီအစဉ်    (၆)     အထွေထွေဆွေးနွေးခြင်း၊

အစီအစဉ်    (၇)     ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊

အစီအစဉ်       (၈)     လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ကြောင်းကြေညာခြင်း။