၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၃)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၃)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်ဖော်ပြပါ အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်-
အစီအစဉ် (၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး စတင်ကျင်းပခြင်း၊
အစီအစဉ် (၂) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ် (၃) ရေးရာကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြခြင်း –
(က) လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ အတွင်းရေးမှူးမှ
ဆွေးနွေးတင်ပြခြင်း၊
(ခ) ဥပဒေပြုရေးဆိုင်ရာကော်မတီအတွင်းရေးမှူးမှ ဆွေးနွေးတင်ပြခြင်း၊
(ဂ) တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဃ) ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ
ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(င) ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ
စိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
အစီအစဉ် (၄) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးရန်ရှိပါက ဆွေးနွေးခြင်း၊
အစီအစဉ် (၅) အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ် (၆) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊
အစီအစဉ် (၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ကြောင်းကြေညာခြင်း။


