၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်၏ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုစာရင်းများနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများအား ရှင်းလင်းခြင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၅-၈-၂၀၂၆)ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁ဝး၀ဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအား ရှင်းလင်းတင် ပြခြင်း အစည်းအဝေးကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေး ဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဝင်များနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့်ပြုပြင်ပြီးခန့် မှန်းခြေငွေစာရင်းအားရှင်းလင်းတင်ပြမည့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာမှ ညွှန်ကြားရေးမှူး၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့တက်ရောက်ခဲ့ပါသည်။
ထို့နောက် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာ၊ ညွှန်ကြားရေးမှူးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်၊ မွန်ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအား ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေ (ငွေလုံးငွေရင်း) အသုံးစရိတ်တောင်းခံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးကာ အစည်းအဝေးကို (၁၁း၃၈) နာရီ အချိန်တွင် ရပ်နားခဲ့ပါသည်။





