8385

၂၀၂၇-၂၀၂၈ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏မူလခန့်မှန်းခြေငွေစာရင်းသာမန်ရှင်းလင်းချက် နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာ‌ရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း/လုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုအဆိုပြုချက်အား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ကျင်းပပြုလုပ်

(၁၀-၉-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊  နံနက်(၁၀၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ပြည်နယ်အရအသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းဦးစီးရုံး တို့မှ  ၂၀၂၇-၂၀၂၈ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏မူလခန့်မှန်းခြေငွေစာရင်းသာမန်ရှင်းလင်းချက် နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာ‌ရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း/ လုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုအဆိုပြုချက်အား မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တာ်ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံး သပ်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းကာ သက်ဆိုင်ရာဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကို (၁၁၃၀) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။