8423

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်)နှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာ(၃)ခုအား တွေ့ဆုံဆွေးနွေးခြင်း

(၁၅-၉-၂၀၂၆)ရက်၊(အင်္ဂါနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ‌ဆွေးနွေး ပွဲခန်းမ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ(၃)ဌာနအား လုပ်ငန်း ဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်းပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်‌တော်ပြည်သူ့ ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေး ဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနများဖြစ်သည့် ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ပြည်သူ့ ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွား ရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊  ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်)နှင့် စပ်လျဉ်း၍ ဌာနရှိတာဝန် ရှိသူများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များမှ ဌာနများ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေး မေးမြန်းခဲ့ကြပြီး ဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားပြီး  ပြည်နယ်လွှတ်တော်ပြည်သူ့ ငွေစာရင်း စိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြားကာအစည်းအဝေးကို   (၁၃၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။