8481

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပပြုလုပ်ခြင်း

၁။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)ကို(၅-၁၀-၂ဝ၂၆)ရက်၊ တနင်္လာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦး အနက် (၃၀)ဦး တက်ရောက်ပါသည်။

၂။       အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ကျိုက်ထိုမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးမှ “မွန်ပြည်နယ်အတွင်း နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းလျက်ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအားလုံးတွင် အုပ်ချုပ်ရေးမှူးများကို နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အချိန်နှင့်တစ်ပြေးညီ ရွေးချယ်ခန့်အပ်နိုင်ရေးအဆို” တင်သွင်းပြီး သံဖြူဇရပ်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ‌ဒေါက်တာစိုးမိုးအောင်မှ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေး ခြင်း၊ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ သဘောတူ သည့်အတွက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ညနေ(၄)နာရီ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊ အစည်းအဝေး(ပထမနေ့)တွင် တင်သွင်းခဲ့သော ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း(လျာထားချက်)နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ထွဋ်မှ ငွေကြေးဆိုင်ရာအစီရင်ခံစာဖတ်ကြားတင်ပြခြင်း၊  လျာထားချက်နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော‌ ရေးမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မြင့်နှင့် သံဖြူဇရပ်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ‌ဒေါက်တာစိုးမိုးအောင်တို့မှ ဆွေး‌နွေးခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။

၃။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ရပ်တင်သွင်းခြင်းနှင့် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်)နှင့်စပ်လျဉ်း၍ ကော်မတီ၏ အစီရင်ခံစာဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ(၁)ဦးရှိခဲ့ပြီး အစည်းအဝေးကို (၁၁း၅၂)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။