8533

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) (ပထမနေ့)ကျင်းပပြုလုပ်ခြင်း

၁။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) (ပထမနေ့)ကို(၃၀-၁၀-၂ဝ၂၆)ရက်၊ သောကြာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်  (၃၁)ဦးအနက် (၂၇)ဦး တက်ရောက်ပါသည်။

၂။       အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၇)ဦးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ (၂၁-၁၀-၂၀၂၆) ရက်စွဲပါ ကြေညာချက်အမှတ်(၆၅/၂ဝ၂၆)ဖြင့် အစားထိုးပြောင်းလဲခဲ့သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ရဲထွဋ်မှ ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ(ဂ)အရ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။      မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပေးပို့ထားသည့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးမည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခြင်းနှင့် ၎င်း၏ကိုယ်ရေးအချက်အလက်အကျဉ်းအား လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခြင်း၊ အဆိုပါအမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ကန့်ကွက်ဆွေးနွေးနိုင်ကြောင်း (၃)ကြိမ် ဖိတ်ခေါ်ခဲ့ရာမှာ ကန့်ကွက်ဆွေးနွေးရန်မရှိကြသည့်အတွက် ၂ဝ၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၅၂ အရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ရဲထွဋ်အား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်မှ သဘောတူကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) (ပထမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ရဲထွဋ်မှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏အမည်စာရင်းအား တင်ပြခြင်းနှင့် သဘောတူခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။

၅။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) (ပထမနေ့)သို့ဖိတ်ကြား၍တက်ရောက်သူ (၈)ဦးရှိပြီး အစည်းအဝေးကို (၁၀း၂၂)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။