8290

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၆) ကျင်းပပြုလုပ်ခြင်း

(၁၈-၈-၂၀၂၆)ရက် (အင်္ဂါနေ့)၊ မွန်းလွဲ(၁၃း၃ဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၆)ကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ် (၁၆)ဦး တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ   တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု စာရင်းများကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ လာမည့် လွှတ်တော်အစည်းအဝေးတွင် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်ကို အတည်ပြုရမည်ဖြစ်သဖြင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး သေချာစွာ စိစစ်ရန်လိုအပ်ကြောင်းနှင့်  လုံခြုံရေးနှင့် ပတ်သက်ပြီး အထူးဂရုပြုလိုက်နာရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်ကော်မတီ(၇)ခု၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် တတိယပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သောမေးခွန်းများနှင့်စပ်လျဉ်း၍ တင်ပြ ဆွေးနွေးချက်များအပေါ် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ   ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို(၁၅း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။