8325

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၆) ကျင်းပပြုလုပ်ခြင်း

(၃၁-၈-၂၀၂၆)ရက် (တနင်္လာနေ့)၊ နံနက်(၁၀း၀ဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၆)ကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ် (၁၆)ဦး တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရေးရာကော်မတီဆောင်ရွက်ချက်များ၊ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များနှင့် ဆောင်ရွက်ရန်အခက်အခဲ ရှိသည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးပေးကြရန်နှင့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်ကို အတည်ပြုရမည်ဖြစ်သဖြင့် ယင်းဘတ်ဂျက်များကို ကြိုတင်လေ့လာပြီး သေချာစွာ စိစစ်ရန်လိုအပ်ကြောင်းနှင့် ယင်းတွေ့ရှိချက်များအပေါ်   လွှတ်တော်အစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်ကော်မတီ(၇)ခု၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အထွေထွေကိစ္စရပ်များ တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို(၁၂း၁၂)နာရီအချိန်တွင် ရပ်နားခဲ့ ပါသည်။