8084

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပပြုလုပ်ခြင်း

၁။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို(၁၂-၆-၂ဝ၂၆)ရက်၊ သောကြာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။

၂။       အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ အစည်းအဝေး(ပထမနေ့)တွင် တင်သွင်းခဲ့သော ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ၏  “အတွဲလိုက် Sound Box များ ဖွင့်လှစ်၍ ဆူညံသံများဖြင့် နိုင်ငံသားများ၏ကျန်းမာရေးကို ထိခိုက်အနှောင့်အယှက်ဖြစ်နေခြင်းအား ထိရောက်စွာ အရေးယူတားဆီးပိတ်ပင်ရေးအဆို”နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ချောင်းဆုံ မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်း၊ ကျိုက်ထိုမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူး၊ ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်နှင့် ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း တို့မှ ထောက်ခံဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းမှ  အဆိုအား ထောက်ခံဆွေးနွေးခြင်း၊ အဆိုရှင်မှ အတည်ပြုပေးပါရန် အကြံပြုဖြည့်စွက်ဆွေးနွေးခြင်းနှင့် အဆိုအား အတည်ပြုရန်အတွက် လွှတ်တော်၏သဘောထားမေးမြန်းရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အားလုံးမှ သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ၏ အဆိုအား လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။      ဆက်လက်ပြီး တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာ
သုံးသပ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ တင်ပြခြင်း၊ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ပေါင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်မှ လွှတ်တော်သို့ ရှင်းလင်း တင်ပြခြင်း၊ အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန် မရှိကြသဖြင့် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့အား လွှတ်‌တော်မှ သဘောတူဆုံးဖြတ် ကြောင်းနှင့် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအား (၉)ဦးဖြင့် ဖွဲ့စည်းကြောင်း ကြေညာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

၄။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ရပ် အတည်ပြုခြင်းနှင့်  ကော်မတီ(၁)ခု ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၅။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)သို့ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ(၁)ဦး ရှိခဲ့ပြီး အစည်းအဝေးကို (၁၁:၃၁)နာရီအချိန်တွင် ပြီးစီးခဲ့ပါကြောင်းနှင့် အစည်းအဝေး(တတိယနေ့)ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်(တနင်္လာနေ့)တွင် အစည်းအဝေးအားဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါတယ်။