1387

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့) ဆောင်ရွက်ပြီးစီးခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၇.၁၂.၂၀၁၆) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ် (၃၁)ဦးအနက် (၂၉)ဦး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် (၂)ဦးမှ ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းမြွက်ကြားခြင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းအား ပြည်နယ် လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၆)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ “ဘီးလင်းမြို့နယ် ကေလာသ သဘာဝနယ်မြေအတွင်း ကျောက်ထုတ်လုပ်မှုလုပ်ငန်း(ကျောက်မိုင်းများ) အားလုံးကို ထာဝရပိတ်သိမ်းရပ်နားပေးပါရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးမှ လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့ဘ၀ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်ကြောင်းအဆို” တင်သွင်းခြင်းနှင့်သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ တင်သွင်းခဲ့သောအဆို(၂)ခုအား ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း အသိပေးခြင်းနှင့်ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ် (ဧပြီလမှ စက်တင်ဘာလအထိ) ဆောင်ရွက်ချက် အစီရင်ခံစာတင်သွင်းခြင်းနှင့်ယင်းအစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မေးခွန်း (၆)ခု မေးမြန်းဖြေကြားခြင်း၊ အဆို(၂)ရပ် တင်သွင်းခြင်း၊ အစီရင်ခံစာ (၁)ရပ် တင်သွင်းခြင်း၊ မှတ်တမ်းတင်ခြင်း(၃)ရပ်အနေဖြင့် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်း ကြေညာခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားခြင်းနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂)ဦးမှ ကတိသစ္စာပြုခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် လေ့လာသူ(၄၅)ဦး တက်ရောက် ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၁၁း၃၀)နာရီ အချိန်တွင် ပြီးစီးပါသည်။

20161207_100432 20161207_100155 20161207_095812 20161207_095407