ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ဆောင်ရွက်ပြီးစီးမှု
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကို (၅-၄-၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှု အခြေအနေကို မှတ်တမ်း တင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ရေးနှင့်ပတ်သက်၍ အဆိုပြုလွှာတောင်းခံခဲ့ရာ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါက်တာအောင်နိုင်ဦးအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်လင်းအောင်က ထောက်ခံပြီး ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ဦးမင်းအောင်မွန်က တင်သွင်းခြင်း၊ ဘီလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာခင်နိုင်ဦးအား ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ကြည်ကြည်မြက ထောက်ခံပြီး ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်ဇော်ထူးက တင်သွင်းခြင်းတို့ကြောင့် အဆိုပြုသူ (၁)ဦးထက်ပိုသဖြင့် ဆန္ဒမဲ ပေးခြင်းဆောင်ရွက်ရာ ထုတ်ယူဆန္ဒမဲလက်မှတ် (၃၀)တွင် ဒေါက်တာအောင်နိုင်ဦးက (၁၃)မဲ၊ ဒေါက်တာခင်နိုင်ဦးက (၁၂)မဲ၊ ပယ်မဲ(၅)မဲ ရရှိသဖြင့် ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါက်တာအောင်နိုင်ဦးအား မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာခြင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ လွှတ်တော်၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းအား ကော်မတီအတွင်းရေးမှူးဒေါက်တာမင်းစိုးလင်း၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ် လွှတ်တော်သို့ တင်ပြခြင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း သတ်မှတ်ခြင်းအား ကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးဇံ၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့့်အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့၏ အမည်စာရင်းနှင့်ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း သတ်မှတ်ခြင်းတို့နှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိသဖြင့် ပြည်နယ်လွှတ်တော်မှ သဘောတူဆုံးဖြတ်ကြောင်း ကြေညာခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် မိန့်ခွန်းမြွက်ကြားခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)တွင် တင်ပြချက်(၄)ရပ်၊ မှတ်တမ်းတင်ခြင်း (၂)ရပ်၊ သဘောတူချက် (၅)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာသူအဖြစ် (၂၄)ဦး တက်ရောက်ခဲ့ပါသည်။



