ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပထမနေ့)အစည်းအဝေးကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (ပထမနေ့)အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးရှိသည့်အနက် (၃၁)ဦး တက်ရောက်သဖြင့် (၁၀၀%)ဖြစ်ပါသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် ဒေါက်တာအေးဇံ၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)အား ရွေးချယ်ပြီး လွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။ ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာ ပြုလွှာများပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပါသည်။
အစည်းအဝေးမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါ်တင်အိ၊ သံဖြူဇရပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)အား လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမင်းမင်းဦး၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)အား လည်းကောင်း အသီးသီးရွေးချယ်ခဲ့ကြပြီး သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော်သဘာပတိက မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲပြောင်း ပေးအပ်ခြင်းနှင့်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ပြည်နယ်လွှတ်တော်သို့ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ပြီးမြောက်ကြောင်းနှင့်အစည်းအဝေး (ဒုတိယနေ့)ကျင်းပမည့်နေ့ရက်ကို ဆက်လက်ကြေညာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ လေ့လာသူအဖြစ် (၇)ဦး တက်ရောက် ပါကြောင်းနှင့် (၁၀း၅၀)နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ပါသည်။



