ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (တတိယနေ့) ဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၂၆.၃.၂၀၁၈)ရက်၊ တနင်္လာနေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးရှိသည့်အနက် (၂၉)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း (၆)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ အစည်းအဝေးပထမနေ့ကတင်သွင်းခဲ့သော မွန်ပြည်နယ်၏ ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး တို့မှ ဆွေးနွေးခြင်းနှင့် ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့်လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ခဲ့သည့်လုပ်ငန်းများ ဆွေးနွေး တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မှ မွန်ပြည်နယ်၏၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ရှင်းလင်းဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဥပဒေကြမ်းအတည်ပြုခြင်းကို အစည်းအဝေး(စတုတ္ထနေ့)တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ကြေညာခြင်း၊ အစည်းအဝေး(ပထမနေ့) က တင်သွင်းခဲ့သော မွန်ပြည်နယ်၏ ၂၀၁၈ခုနှစ်၊ ဧပြီလမှစက်တင်ဘာလအထိ (၆)လအတွက် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မှ သုံးသပ်ချက်အစီအရင်ခံစာဖတ်ကြားတင်ပြခြင်း၊ အမည်စာရင်းတင်သွင်းထားသော သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်တို့မှ ဆွေးနွေးခြင်း၊စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ရှင်းလင်းဆွေးနွေးခြင်းနှင့် ဥပဒေကြမ်းအတည်ပြုခြင်းကို အစည်းအဝေး(စတုတ္ထနေ့)တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လွှတ်တော်သိုု့အသိပေးကြေညာခြင်း၊ အစည်းအဝေး(ပထမနေ့) က တင်သွင်းးခဲ့သော မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းမှ ဆွေးနွေးခြင်း၊ စိုက်ပျိုးမွေးမြူရေး နှင့်ပို့ဆောင်ဆက်သွယ်ရေးစဝန်ကြီး ဦးထွန်းဌေးမှ ထောက်ခံဆွေးနွေးခြင်းနှင့် ဥပဒေကြမ်းအား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက တစ်ပိုဒ်ချင်းစီဖတ်ကြား၍ အတည်ပြုခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။



