ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို (၁၈.၁၂.၂ဝ၁၃) ရက်နေ့ မှ (၂ဝ.၁၂.၂ဝ၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် မေးခွန်း(၃၂)ခု မေးမြန်း ဖြေကြား ခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အတည်ပြုခြင်း၊ မွန်ပြည်နယ်မြေသြဇာ စနစ်တကျ ထုတ်လုပ်သုံးစွဲရေးဥပဒေကြမ်း အတည်ပြုခြင်း၊ မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေများနှင့်စပ်လျဉ်းပြီး ပြင်ဆင်ချက် တင်သွင်း ခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၏ လုပ်ငန်း ဆောင်ရွက်ချက်၊ ပြည်နယ်ဥပဒေချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်၊ ပြည်နယ်စာရင်းစစ်ချုပ်၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက် တင်ပြခြင်း၊ အဆို(၃)ခု အတည်ပြုခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ လုပ်ငန်း ဆောင်ရွက်ချက်၊ ပြည်နယ်ဥပဒေချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်၊ ပြည်နယ်စာရင်းစစ်ချုပ်၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက် တင်ပြခြင်းတို့အား မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ် လွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ခဲ့သည့် ဥပဒေ၊ အဆို၊ မေးခွန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ လေ့လာသုံးသပ်ချက် တင်ပြခြင်းကို မှတ်တမ်းတင် ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၃-၂ဝ၁၄ခု ဘဏ္ဍာရေး နှစ် ပြည်နယ်အစိုးရဘတ်ဂျက်တွင် ပါဝင်သော သာမာန်အသုံးစရိတ်ခေါင်းစဉ်များအား လွှဲပြောင်းသုံးစွဲတင်ပြခြင်း နှင့်မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ မွန်ပြည်နယ် အားကစားနှင့် ကာယပညာသိပ္ပံဆောက်လုပ် ပြီးစီးမှု အခြေအနေတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ တင်ပြ ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်းသည့် တင်ပြချက်များ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ပါသည်။


