ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၃)
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂ဝ၁၃)ကို (၄.၁၁.၂ဝ၁၃) ရက်နေ့မှ (၆.၁၁.၂ဝ၁၃) ရက်နေ့အထိ ကျင်းပပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံးက ၁.၁၁.၂ဝ၁၃ ရက်စွဲပါစာအမှတ်၊ ၁၈၆(၁)/၈/ သမ္မတ ရုံးဖြင့်ပေးပို့လာသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များသည် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ တိုက်တွန်းချက်များ၊ အကြံပြုချက်များ ရရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်း မှန်ကန်စွာ ဆက်သွယ်ဆောင်ရွက်သွားရန် လုပ်ငန်းစဉ် နှင့်စပ်လျဉ်းသည့် သဝဏ်လွှာဖတ်ကြားတင်ပြခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ လျာထားချက် မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းအတည်ပြုခြင်း၊ ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ရွှေ့ဆိုင်းခဲ့သည့် မွန်ပြည်နယ် ပုဂ္ဂလိက ပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုအတည်ပြုခြင်း၊ မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေကြမ်း တင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ၂ဝ၁၃-၂ဝ၁၄ခုနှစ်၊ ဆိုင်ကယ် လိုင်စင်များမှ ၂၅% ရငွေ သုံးစွဲမှုလုပ်ငန်း လျာထားချက်စာရင်းကို အကြံပြုချက်ဖြင့် အတည်ပြုခြင်း၊ ဆေးကုသမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတထံ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှပေးပို့သော သဝဏ်လွှာနှင့်နိုင်ငံတော်သမ္မတရုံးမှ ပြန်ကြားစာကို ဖတ်ကြားတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ပါသည်။


