67

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၂)

ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် အထူးအအစည်းအဝေး(၁/၂ဝ၁၂)ကို (၁၃.၁၂.၂ဝ၁၂)ရက်နေ့မှ (၁၄.၁၂.၂ဝ၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးဝဏ္ဏနိုင်က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ မေးခွန်း(၁၅)ခု မေးမြန်းခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းဥပဒေကြမ်း၊ ယစ်မျိုးခွန် ဥပဒေကြမ်း၊ မြေယာခွန်ဥပဒေကြမ်း၊ ကုန်တင်ကုန်ချလုပ်ငန်းဥပဒေကြမ်းတို့ကို အတည်ပြုခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၃-၂ဝ၁၄ခု ဒေသန္တရစီမံကိန်းရည်မှန်းချက်အား အတည်ပြုခြင်း၊အဆို(၃)ခု အတည်ပြုခြင်း၊ အဆို(၁)ခု နောင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ ရွှေ့ဆိုင်းခြင်း၊ မွန်ပြည်နယ်လွှတ်တော်ရေးရာ ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက်အား မှတ်တမ်းတင်ခြင်း၊ ပြည်နယ်စာရင်းစစ်ချုပ်၏ ဆောင်ရွက်ချက် အစီရင်ခံစာအား မှတ်တမ်းတင်ခြင်း၊ ဥပဒေရေးရာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းခြင်းအား အတည်ပြုခြင်း၊မွန်ပြည်နယ်၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းများပြုပြင်ဖြည့်စွက်ဆောင်ရွက်ရန် တင်သွင်းခြင်းအား သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက ထောက်ခံဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပါသည်။

P1140203