5338

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး( တတိယနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကို (၂၇.၅.၂၀၂၀)ရက်၊  ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ တို့၏ ခွင့်ပြုမိန့်ဖြင့်လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား လေ့လာသုံးသပ်ချက် အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခုမေးမြန်း ဖြေကြားခြင်း၊ အစီရင်ခံစာတစ်ရပ်တင်ပြခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို နံနက်(၁၁း၂၀)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို(၂၈.၅.၂၀၂၀)ရက်(ကြာသပတေးနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆောင်ရွက်ပါမည်။