8139

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂-၇-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ နှင့် အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နဘ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာ သည့် ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် သံဖြုဇရပ်မြို့နယ်ရှိ မြေယာကိစ္စနှင့် အထွေထွေကိစ္စရပ်များဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂-၇-၂၀၂၆)ရက်၊ မွန်းလွဲ(၁၅း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။