မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၉-၇-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊ မနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီအစည်းအဝေးခန်း၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ နှင့် အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာ သည့် ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် သံဖြုဇရပ်မြို့နယ်ရှိ တင်ပြတိုင်ကြားသူများ၏ အခက်အခဲများအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၉-၇-၂၀၂၆)ရက်၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


