မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၄-၉-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်း၌ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံး သပ်ရေး ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် (၁၄)ဦးတို့ တက်ရောက်ခဲ့ပါ သည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ၂၀၂၇-၂၀၂၈ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေ စာရင်း(လျာထားချက်) အစီရင်ခံစာနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၄-၉-၂၀၂၆)ရက်၊ နေ့လည်(၁၂၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


