မွန်ပြည်နယ်လွှတ်တော် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၁-၁၀-၂၀၂၆)ရက်၊(ဗုဒ္ဓဟူးနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော် ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်(၇)ဦးတို့ တက်ရောက် ခဲ့ပြီး အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေး ဆိုင်ရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီများ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၂၁-၁၀-၂၀၂၆)ရက်၊ နေ့လည်(၁၁၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


