7940

မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၈-၄-၂၀၂၆)ရက်၊(အင်္ဂါနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ‌ရေးရာ ကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင် (၆)ဦးတို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမိတ်ဆက်ခြင်းနှင့် ရှေ့ဆက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၈-၄-၂၀၂၆)ရက်၊ နံနက် (၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။