8155

မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၇-၇-၂၀၂၆)ရက်၊(အင်္ဂါနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ဆွေးနွေးပွဲ ခန်းမ၌ ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ် ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် (၁၄)ဦးတို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီတွင် စည်ပင်သာယာရေး သားသတ်လိုင်စင် ကိစ္စ၊ တရားမဝင်ဖမ်းဆီးပစ္စည်းများအား တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိဘဲ လေလံဆွဲသည့် ကိစ္စ၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအားခွင့်ပြုရန်ပုံငွေနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၇-၇-၂၀၂၆)ရက်၊ နေ့လည်(၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။