7994

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၅-၅-၂၀၂၆)ရက်၊(တနင်္လာနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်း အဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင် (၇)ဦးတို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်စည်ပင်သာယာရေးဥပ‌ဒေကို ပြင်ဆင်၊ ဖြည့်စွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၅-၅-၂၀၂၆)ရက်၊ နံနက် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။